တီးတိန် ၂၈ မတ်
ချင်းပြည်နယ် တီးတိန်မြို့တွင် ART ဆေးကုသမှုဌာန (ARTCenter)၏ဝန်ဆောင်မှုများ အသိပေးရှင်းလင်းပွဲကို မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဂိုဆွင်းခိုင်က အမှာစကား ပြောကြားပြီး မြို့နယ် ဆေးရုံအုပ် ဒေါက်တာဇော်မြင့်နိုင်က တီးတိန်မြို့၏ HIV/AIDS ရောဂါဖြစ်ပွားမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ခုခံကျ/ ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်(ဗဟို) နေပြည်တော်မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဇော်အောင်က ART ဆေးကုသ ဌာန(ART Center) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဝန်ဆောင်မှုများအား ရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများကသိလိုသော အချက်များမေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပေးရှင်းလင်းပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN


