၁၄ ဖေဖော်ဝါရီ

 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တိုကျို အိုလံပစ်နှင့် မသန်စွမ်း အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  ကူးစက်ရောဂါပြန့်ပွားမှုနှင့် အကြမ်းဖက်တိုက်ခိုက်မှုများကို ကာကွယ်ရန် လုံခြုံရေးအပြည့်အဝ လုပ်ဆောင်ရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

 

အာဘေးက ယနေ့ကျင်းပသော အစိုးရအဖွဲ့ အစည်းအဝေးတွင် အိုလံပစ်အားကစားပြိုင်ပွဲ လက်ခံကျင်းပသည့် အိမ်ရှင်နိုင်ငံအနေဖြင့် လုံခြုံသောဝန်းကျင်ကောင်းတစ်ခုအဖြစ် စီစဉ်သင့်ကြောင်း ပြောကြားခဲ့သည်။

 

လုံခြုံရေးနှင့် ယာဉ်အသွားအလာ ကိုင်တွယ်ဖြေရှင်းမှုသည် ၂၀၂၀ နွေရာသီအားကစားပြိုင်ပွဲ၏ အခြေခံအုတ်မြစ် ဖြစ်လိမ့်မည်ထင်ကြောင်း အာဘေးက ထပ်လောင်းပြောကြားခဲ့သည်။

 

တိုကျိုအစိုးရနှင့် အားကစားပွဲစီစဉ်သည့်ကော်မတီတို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရာသီဉတု အပူဒဏ်နှင့် ကူးစက်ရောဂါများ ပြန့်ပွားမှုကို တားဆီးကာကွယ်ကြရန်လည်း အာဘေးက ဝန်ကြီးများအား မေတ္တာရပ်ခံခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို