၂၈ ဖေဖော်ဝါရီ

 

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် တိုကျိုဒစ္စနေး အပန်းဖြေစခန်းအား စနေနေ့မှ စတင်ပြီး ပိတ်ထားမည်ဖြစ်သည်။

 

Tokyo Disneyland နှင့် Tokyo DisneySea တို့ကို မတ်လ ၁၅ ရက်နေ့အထိ ပိတ်ထားမည်ဖြစ်သည်။

 

63.

 

ယနေ့ ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ရောဂါကူးစက်မှုကို ကာကွယ်ရန် ဆုံးဖြတ်ချက် ထားခြင်းဖြစ်ကြောင်း Oriental Land က ရှင်းပြခဲ့သည်။

 

865320

 

နောက်လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း လူစုလူဝေးဖြစ်စေမည့် ကိစ္စများကို ပယ်ဖျက်ရန် သို့မဟုတ် ရွှေ့ဆိုင်းရန် စီးပွားရေးလုပ်ငန်းများကို ဂျပန်အစိုးရမှ တောင်းဆိုလိုက်သည်။

 

အပန်းဖြေစခန်း ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်ကိုမူ မတ်လ ၁၆ ရက်တွင် ဖြစ်ပေါ်လာမည့် တိုးတက်မှုအပေါ် မူတည်ပြီး ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်