၂၈ ဖေဖော်ဝါရီ

ဂျပန်နိုင်ငံ တိုကျိုရှိ ဒစ်စနေလန်းနဲ့ ဒစ်စနေဆီးကို ကိုဗစ်19 ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှာ စိုးရိမ်တဲ့အတွက် သီတင်းနှစ်ပတ် ပိတ်သွားမယ်ဖြစ်ကြောင်း ဒီနေ့(သောကြာနေ့) မှာ ကြေညာလိုက်ပါတယ်။

 

တိုကျိုဒစ်စနေလန်းနဲ့ တိုကျို ဒစ်စနေဆီးကို ဖေဖော်ဝါရီ ၂၉ မှ မတ်လ ၁၅ ရက်နေ့အထိ ပိတ်ပင်မယ်လို့ ကိုဗစ်19 ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ကာကွယ်ရန် အစိုးရက တိုက်တွန်းပြီးနောက်မှာ အခုလို ကြေညာချက် ထုတ်ပြန်တာ ဖြစ်ပါတယ်။

 

ဒစ်စနေလန်းကို မတ်လ ၁၆ ရက်နေ့မှ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ကြောင်း၊ တာဝန်ရှိသူတွေနဲ့ အကြံဉာဏ်ယူသွားမှာဖြစ်ပြီး အခြေအနေ တိုးတက်မှုလေ့လာပြီးမှ ဆုံးဖြတ်သွားမယ်လို့ ပြောခွင့်ရသူက သတင်းဌာနကို ပြောပါတယ်။

 

ဒစ်စနေလန်းဟာ တိုကျိုကို လာရောက်တဲ့ ခရီးသွားတွေကြားမှာ လူကြိုက်များတဲ့ နေရာဖြစ်ပြီး တစ်နှစ်ကို လူပေါင်း သန်း ၃၀ ကျော် လာရောက်လည်ပတ်ကြောင်း သိရပါတယ်။

MDN

ကိုးကား- AFP