၄ မတ်
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နှစ်စဉ်ကျင်းပတဲ့ ချယ်ရီပန်းပွဲတော်ကို မပြုလုပ်ရန် ဒေသခံတွေကို အစိုးရက တိုက်တွန်း လိုက်ပါတယ်။
မတ်လလယ်မှာ ကျင်းပနေကျ ရိုရာပွဲတော်ဖြစ်တဲ့ ဟာနာမီ (ခေါ်) ချယ်ရီပန်းကြည့်ပွဲတော်မှာ ပန်းလာကြည့်သူတွေက သစ်ပင်အောက်မှာ အစားအစားတွေ စားသောက်ရင်း ချယ်ရီပန်းအလှကို ခံစားလေ့ရှိပါတယ်။
လူစုလူဝေးရှိြခင်းဟာ ကိုဗစ်-19 ဗိုင်းရပ်စ်ပိုးပျံ့နှံ့ လွယ်တဲ့အတွက် လူစုလူဝေးတွေနဲ့ ဝေးဝေးနေရန်အပါအဝင် ဆာကူရာ (ခေါ်) ချယ်ရီပန်းကို လမ်းလျှောက်ပြီး ကြည့်မယ်ဆိုရင်ရကြောင်း ဒါပေမယ့် ချောင်းဆိုးနေရင် မျက်နှာဖုံးဝတ်ဆင်ဖို့ အကြံပြုထားပါတယ်။
ဂျပန်နိုင်ငံမှာ ကိုဗစ်-19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အနည်းဆုံး ၂၉၉ ဦး ရှိပြီး သေဆုံးသူ ၆ ဦးရှိကြောင်း မတ် ၄ ရက်နေ့စာရင်းအရ သိရပါတယ်။
ချယ်ရီပန်းပွဲတော်ဟာ ပန်းပွင့်ကနေ ပွင့်ဖတ်မကြွေမီ သီတင်းတစ်ပတ်ကြာ ကျင်းပတဲ့ ရိုးရာပွဲတော်တစ်ခု ဖြစ်ပါတယ်။ အခုနှစ်အတွက် ချယ်ရီပန်းပွဲတော်ကို မတ်လ ၁၇ ရက်နေ့မှာ စတင်ဖို့ တိုကျိုမြို့ရဲ့ ရာသီဉတုကိုကြည့်ပြီး ခန့်မှန်ထားပါတယ်။
MDN
ကိုးကား- AFP


