တိုင်းဒေသကြီးအသီးသီးရှိ ပညာရေးအတွက် အထောက်အပံ့လိုအပ်နေသူများကို ကူညီပေးမည့် BELLA NATIONAL STAR SCHOLARSHIP

၆ ဒီဇင်ဘာ

 

အနုပညာရှင်များဖြစ်ကြသည့်  အကယ်ဒမီ ဖွေးဖွေး၊ အကယ်ဒမီ ပိုင်ဖြိုးသု ၊ ယွန်းဝတီလွင်မိုးတို့ တက်ရောက် ချီးမြှင့်ခဲ့သည့် ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားချင်သော်လည်း ငွေကြေးအခက်အခဲကြောင့် မသင်ယူနိုင်သူများအတွက် အဓိကထား၍  နှစ်စဉ်ချီးမြှင့် ဂုဏ်ပြုပေးနေသော Bella National Star Scholarship  ကို ယခုနှစ်တွင်လည်း  တက္ကသိုလ်ဝင် ကျောင်းသားကျောင်းသူ ၁၇၀ တို့ကို ပညာရေး ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့ညနေ ၄ နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ စိမ်းလန်းစိုပြည်တွင် ကျင်းပခဲ့သည်။

 

 

"တက္ကသိုလ်ကျောင်းသား ၁၇၀ ကို လတိုင်း scholarship ပေးနိုင်အောင် Bella ကို သုံးစွဲအားပေးသူများနှင့် အမြဲကူညီသူများကို သာဓုပါ။ ဒီအလှူအပါအဝင် Bella မှ လှူဒါန်းတဲ့ အလှူတိုင်းဟာ သစ်တို့ တစ်ဦးတစ်ယောက်ထဲ လှူဒါန်းတာ မဟုတ်ဘဲ - Bella သုံးစွဲသူတိုင်းရဲ့ တူညီတဲ့အလှူပါ။  သစ်တို့ Bella ကို တည်ထောင်ရတဲ့ အဓိကရည်ရွယ်ချက်က မြန်မာနိုင်ငံနှင့် မြန်မာလူမျိူးများ အားလုံးရဲ့ အနာဂတ်ကို ပိုမိုတိုးတက်အောင်မြင်စေချင်တာကြောင့်  ကိုယ်လုပ်နိုင်တဲ့နေရာမှ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ မြန်မာများအားလုံး ကိုယ့်ကို ယုံကြည်မှုပိုရှိနိုင်အောင်ဖြစ်ပါတယ်။ သစ် ယုံကြည်တာကတော့ လူတစ်ယောက်ရဲ့ self-confidence ကိုအဓိက ဖြည့်ဆည်း ပေးနိုင်တဲ့ အရာ ၂ ခုရှိပါတယိ။ ပထမတစ်ခုကတော့ Educated ကတော့ ပညာတတ်ဖို့ပါ။   ပညာဆိုတာ အတန်းပညာတစ်ခုတည်းကို မရည်ရွယ်ပါဘူး။ အသက်မွေး ဝမ်းကျောင်းပညာများက အဓိကကျပါတယ်။ ဒုတိယတစ်ခု ကတော့ ကိုယ့်ကို လှနေ တယ် လို့ထင်ရင် ခန့်နေတယ်၊ ချောနေတယ်လို့ထင်ရင် self-confidence  ပိုမြင့်တက်လာပါတယ်။ သစ်အနေနဲ့က အမျိုးသားရေးကို ယုံကြည်သူဖြစ်လို့ sustainable ဖြစ်ပြီး မြန်မာများရဲ့ self-confidence ကို Empower ပေးနိုင်တဲ့ Business ကို ရွှေးချယ်ခဲ့တာပါ။ လူတွေကို အဓိက self-confidence ပေးနိုင်တဲ့ education လုပ်ငန်းများကို လုပ်ကိုင်လိုလည်း သစ်က self-confidence ပေးနိုင်တဲ့ အမျိုးသား လုပ်ငန်းများကို လုပ်ကိုင်လိုပါတယ်။ သစ်က အဘိုး စာမောင်ကြီး/ICS ဦးချမ်းသာတို့လို ပညာရေးဝန်ကြီး အမျိုးသားနိုင်ငံရေးသမားများလည်းမဟုတ်၊ အဘေး ဦးဘသန်းလို ဒေါ်ကြည်ကြည်တို့လိုလည်း မချမ်းသာတော့ ရန်ကုန်အဆောက်အဦ၏ မြေကြီးများကိုလည်း မလှူနိုင်၊ ကြီးမေတို့ မေမေတို့လို ဘွဲ့တွေအများကြီးရတဲ့ professor ဆရာမကြီးတွေလည်းမဟုတ်တော့ သစ်လုပ်တတ်တဲ့ အဖေနဲ့ ယောင်္ကျားနဲ့ သင်ပေးထားတဲ့ စီးပွားရေးနဲ့သာ လူတွေကို အလျင်အမြန် confidence ပေးနိုင်တဲ့ international level beauty & personal care ပစ္စည်းတွေကိုသာ မြန်မာနိုင်ငံမှ အားလုံးတတ်နိုင်တဲ့ ဈေးနဲ့ရောင်းချပေးပြီး မြန်မာလူမျိုးတိုင်းကို ပိုလှပြီး ကိုယ့် self confidence ပိုမြင့်တက်လာအောင် Bella ကို လွန်ခဲ့သည့် ၂ နှစ်ကျော်က တည်ထောင်ခဲ့တာပါ။ ဒါကြောင့် ရရှိသည့်အကျိုးမြတ်များကို မြန်မာနိုင်ငံရဲ့ အနာဂတ် ခေါင်းဆောင်များရဲ့ပညာရေးတွင်သာ သုံးစွဲလှူဒါန်းဖို့ဆုံးဖြတ်ခဲ့ပါတယ် " ဟု ဒေါ်ဝေသစ်လွင်က ပြောသည်။ 

 

ယင်းအနေဖြင့်  ကျောင်းသား/ကျောင်းသူများအတွက် ဗလာစာအုပ် ငါးသိန်းကို ဘုန်းတော်ကြီးသင် စာသင်ကျောင်းများတွင် နှစ်စဉ် ကျောင်းဖွင့်ချိန်မှ ဇန်နဝါရီအထိ လှူဒါန်းပေးခဲ့ပြီး ၂၀၁၇ ခုနှစ်မှလည်း ကလေး ၁၄၀၀ အား စာသင်ကြားနိုင်ရန်အတွက် နှစ်ထပ်ကျောင်းတိုက်ကို သိန်းပေါင်း ၁၅၀၀ ကျော်ကုန်ကျခံ ဆောက်လုပ်လှူဒါန်းခဲ့ပြီး အဆိုပါ လှူဒါန်းမှုကို  ပန်းသီးဖောင်ဒေးရှင်း နှင့်အတူ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ကိုလင်း