ပုသိမ် ၂၆ မတ်
အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ ဖူလုံရေးဥပဒေများနှင့်အညီ လုပ်ငန်းခွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်တွင် တိုင်းဒေသကြီးလျှပ်စစ်ရုံး၌ ကျင်းပ ခဲ့ကြောင်း ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
အာမခံအလုပ်သမား ဦးဝင်းအောင်သည် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ လျှပ်စစ်ကျွမ်းကျင်-၂ ဝန်ထမ်းတစ်ဦး ဖြစ်ကာ ၂၀၁၈ ဇွန်လ ၁၄ ရက်နေ့တွင် ၁၁ KV အထပ်သားလိုင်း ဓာတ်အားပို့လွှတ်မရသဖြင့် ၁၅ ပေမြင့်သော ဓာတ်တိုင်ပေါ်မှ အောက်သို့ပြုတ်ကျပြီး ပုသိမ်ဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်မြို့သို့ ပို့ဆောင်ကုသခဲ့ရကာ ဇွန် ၂၂ ရက်နေ့တွင် ဘယ်ဘက်လက် တစ်ထောင်ဆစ်အထက်မှ ဖြတ်တောက်ခံခဲ့ရ သည့်အတွက် လုပ်အားဆုံးရှုံးမှု ၇၀ ရာခိုင်နှုန်းသတ်မှတ်ကာ ငွေလုံးငွေရင်းကျပ် ၈၁၄၉၆၈၀ ကို ခွင့်ပြုထုတ်ပေးခြင်းဖြစ်ကြောင်း၊ မသန်စွမ်းမှု ၈၄ ရက်အတွက် ယာယီ မသန်စွမ်းမှု အကျိုးခံစားခွင့် ကျပ် ၃၀ဝ၀ဝ၀ ကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသကြီးလူမှုဖူလုံရေးဌာန တာဝန်ခံအရာရှိ ဒေါ်လွင်လွင်မြင့်က ပြောသည်။
MDN


