နေပြည်တော် ၂ ဧပြီ

 

၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့ ဧပြီ(၃)ရက် ညနေ (၄)နာရီ်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

 

အဆိုပါ ဗိုလ်လုပွဲစဉ်အား မြန်မာ့ရုပ်မြင်သံကြား (MRTV) နှင့်  MRTV Sports Channel တို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)