တောင်ကြီး ဩဂုတ် ၁၁
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မည့် ရှမ်းပြည်နယ်လက်ရွေးစင်အသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြောကြား
ဦးစွာ ရှမ်းပြည်နယ်မြန်မာ့သိုင်းလက်ရွေးစင်အသင်းနှင့် ဖူဆယ်လက်ရွေးစင်အသင်းတို့မှ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အောင်မြင်မှုရရှိပြီး ပြည်နယ်၏ဂုဏ်ကိုဆောင်နိုင်အောင် ကြိုးစားကြရန် အားပေးစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ် မြန်မာ့သိုင်းလက်ရွေးစင်အသင်းနှင့် ဖူဆယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံ၊ ပြိုင်ပွဲကုန်ကျ စရိတ်ချီးမြှင့်ငွေတို့ကိုပေးအပ်ရာ အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများက လက်ခံရယူပြီး ရှမ်းပြည်နယ်ဖူဆယ်အသင်းနှင့် မြန်မာ့သိုင်းအသင်း ကိုယ်စား တာဝန်ရှိသူက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


