ဘုတလင် ၁ ဧပြီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများသည် မတ်(၃၁)ရက်၊ မွန်းလွဲပိုင်းက ဘုတလင်မြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ရွှေတောင်ကျေးရွာသို့ သွားရောက်ပြီး တိုင်းရင်းဆေး ဖြင့် အခမဲ့ ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

 

ညည1

 

ကွင်းဆင်းကုသပေးရာတွင် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စိုးစိုးက တိုင်းရင်းဆေးပညာအကြောင်းများ၊ ဒေသခံပြည်သူများတွင် အဖြစ်များသည့် ရောဂါများနှင့် ပတ်သက်၍ အသိ ပညာပေးဆွေးနွေးပြောကြားပြီး မြို့နယ်တိုင်းရင်းဆေးဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာပြည်သူ(၇၀)ဦးကျော်အား တိုင်းရင်းဆေးပညာဖြင့် အဆစ်ရောင်၊ ဒူးနာ၊ သွေးတိုး၊ သွေးကျ၊ အနာပေါက်၊ ရင်ကျပ်၊ ချောင်းဆိုးစသည့် ရောဂါများကို ကုသပေးခဲ့ကြောင်း သိရသည်။

ဟန်ထွန်း