တက္ကသိုလ်ဝင် စာပေးပွဲအတွက် ဘာသာရပ်ဆိုင်ရာ အထောက်အကူပြု ပညာဒါန ဟောပြောပွဲကျင်းပ

စစ်ကိုင်း ၂၉  ဇန်နဝါရီ

 

၂၀၁၉ ခုနှစ်မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာပေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအတွက် ဘာသာရပ်ဆိုင်ရာ အထောက်အကူပြု ပညာဒါနဟောပြောပွဲများကို ဇန်နဝါရီ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် စစ်ကိုင်းပညာရေးကောလိပ် အထက(၁)စစ်ကိုင်း၊ အထက(၃) စစ်ကိုင်း၊ မြို့တော်ခန်းမနှင့် ထူပါရုံစေတီအတွင်းရှိ ဓမ္မာရုံများ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ပညာဒါနဟောပြောပွဲ ဖွင့်ပွဲကို စစ်ကိုင်းမြို့ အထက(၁)အသင်္ခယာခန်းမ၌ ပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဘာသာရပ်အလိုက် သင်ကြားပို့ချပေးမည့် ဆရာကြီး ဆရာမကြီးများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဟောပြောပွဲတွင် တက္ကသိုလ်ကောလိပ်အသီးသီးမှ အငြိမ်းစားပါမောက္ခချုပ်၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိကများက ၂၀၁၉ ခုနှစ်တွင် ပုံစံသစ်ဖြင့် ဖြေဆိုရမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာရပ်များအား ဖြေဆိုပုံဖြေဆိုနည်းများအား သင်ကြား ပို့ချပေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ ကျောင်းသား ကျောင်းသူ ၃၀ဝ၀ ခန့်အား နေရာငါးခုခွဲ၍ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

 

နိုင်ထွန်း - TGI