တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများ ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ထုတ်ယူနိုင်

နေပြည်တော် ၈  ဖေဖော်ဝါရီ 
    

၂၀၁၉ ခုနစ် မတ်လ ၆ မှ ၁၅ ရက်အထိ ကျင်းပမည့်  တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာန အသီးသီးတွင် ထုတ်ယူနိုင်ပြီဖြစ်သည်။
    

အခြေခံပညာအထက်ကျောင်း၊ (ကျောင်းခွဲ)နှင့် (တွဲဖက်) အခြေခံပညာ အထက်တန်းကျောင်း ၊ ကိုယ်ပိုင်အထက်တန်းကျောင်း မှ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို့ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမည်ဖြစ်ပြီး ပြင်ပမှဖြေဆိုသူများသည် မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
    

ကျောင်းသူ၊ကျောင်းသားများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနထံ တိုက်ရိုက်မေးမြန်းနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနက ထုတ်ပြန်ထားသည်။ 


(သတင်းစဉ်)