နေပြည်တော်၊ ၂၇ အောက်တိုဘာ

 

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၅၉) မိနစ်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၅၈) မိုင်ခန့်ကွာဝေးသော တနိုင်းမြို့၏ အရှေ့-အရှေ့တောင်ဘက် (၂၉) မိုင်ခန့်အကွာတွင် ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

 

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၆ ဒသမ ၃၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇ ဒသမ ၁၃) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄ ဒသမ ၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်ဖြစ်ကြောင်း သိရသည်။

 

Credit> မိုးဇလ