တွန်းဇံ ၇ ဖေဖော်ဝါရီ
ဖေဖော်ဝါရီ ၇ ရက် မြန်မာစံတော်ချိန် (၂၂) နာရီ၊ (၂၂)မိနစ်တွင် တမူး မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၅၁)မိုင် ခန့်ကွာဝေးသောတွန်းဇံမြို့၏ အရှေ့ဘက် (၁၁)မိုင်ခန့်အကွာ ၊ မြောက်လတ္တီတွဒ် (၂၃.၆၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၈၇)ဒီဂရီတွင် အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း သိရသည်။
အဆိုပါမြေငလျင်သည် အနက် (၁၇) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၃.၆)အဆင့်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။
MDN


