တနင်္သာရီ၌ (၁၁၄၅) ကြိမ်မြောက်၊ ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း စတင်ဖွင့်လှစ်

တနင်္သာရီ ၂၂ ဇန်နဝါရီ

ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) နှင့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဓမ္မစကူးလ် ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ဓမ္မစကူးလ် (ဗဟို)၏ (၁၁၄၅) ကြိမ်မြောက်နှင့် တနင်္သာရီမြို့နယ် ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ (၁၂) ကြိမ်မြောက်အဖြစ် ဓမ္မစကူးလ် ဆရာဖြစ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဗုဒ္ဓဘာသာ စာရိတ္တပညာရေးစနစ်ကို အကောင်အထည်ဖော်ပေးနိုင်ရန်နှင့် ဗုဒ္ဓစာပေများကို ခေတ်မီပညာရေးစနစ်ဖြင့် ချဉ်းကပ်နည်းများဖြင့် လိုက်လျောညီစွာ သင်ကြားပေးနိုင်ရန် ရည်ရွယ်လျက် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၈နာရီအချိန်က တနင်္သာရီမြို့ သာသနာဝုဍ္ဎိပါလ ချောင်းကြီး ကျောင်းတိုက် ဓမ္မဗိမာန်တော်အတွင်း ကျင်းပခဲ့သည်။

123

ဆက်လက်၍ တနင်္သာရီမြို့နယ် ဓမ္မစကူးလ် ကော်မတီဥက္ကဋ္ဌ သဘော့လိပ် ကျောင်းဆရာတော် အရှင်တေဇောဘာသ က သင်တန်းစည်းကမ်းများ၊ ရှောင်ရန်၊ ဆောင်ရန်များနှင့်ပတ်သက်၍  သြဝါဒချီးမြှင့်ပေးတော်မူပြီး  အဆိုပါသင်တန်းတွင် ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) မှ နည်းပြဆရာများဖြစ်သော ဦးဇော်ဇော်အောင်၊ ဒေါ်မိသုက္ခမာ၊ ဒေါ်အေးမြတ်မွန်နှင့် ဒေါ်နေနေဝင်းတို့က ဗုဒ္ဓဝင်၊ မင်္ဂလာတရား တော်များ၊ ရတနာသုံးပါး၊ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ လုပ်ငန်းစဉ်များ၊ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်ထူးများနှင့် နေ့ထူးနေ့မြတ်များအကြောင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ ထင်ရှားသည့် ဘုရားပုထိုးစေတီများ အကြောင်းအရာ ဘာသာရပ်များကို အဓိကထား သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့်  သင်တန်းသား (၆ဝ) ဦး၊ သင်တန်းသူ (၅၅) ဦး၊ စုစုပေါင်း(၁၁၅)ဦး တို့ တက်ရောက်ကြမည် ဖြစ်သည်။

သင်တန်းကာလမှာ ဇန်နဝါရီ ၂၂ ရက်မှ၂၈ ရက်အထိ ၇ ရက်ဖြစ်ကြောင်း သင်တန်းဆရာတစ်ဦးထံမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)