တနင်္သာရီတိုင်းဒေသကြီး ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ထားဝယ် မတ်

 

၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကား ပြောကြားပြီး ကော်မတီဝင်များက မဏ္ဍပ်ဆောက်လုပ်ရေးနှင့် အခမ်းအနားပြင်ဆင်ရေး၊ ဗဟိုသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲ/ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပရေး၊ ဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး၊ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေး၊ ရေကစားရေး၊ သင်္ကြန်ယိမ်းအက စိစစ်အကဲဖြတ်ရေးနှင့် ဆုချီးမြှင့်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပရေး၊ ဘိုးဘွားသက်ကြီးပူဇော်ပွဲ ကျင်းပရေး၊ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပွဲ ကျင်းပရေး လုပ်ငန်းများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)