တံတားဦး ၁၃  ဧပြီ

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၏ ၂၀၁၉ ခုနှစ် မဟာသင်္ကြန် ဗဟိုမဏ္ဍပ် ရေသဘင်ခုံကို ယနေ့ ညနေ ၄ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအနီး သမိုင်းဝင်ဆေးအိုးဖိုဘုရားရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ရပ်ကွက်ကျေးရွာအုပ်စုများမှ သင်္ကြန်ယိမ်းသမများက မြနန္ဒာ တေးသီချင်း အကများဖြင့် ဗဟိုမဏ္ဍပ် ရေသဘင်ခုံအား ဖွင့်လှစ်ပေးပြီး တံတားဦးမြို့နယ် ပြည်ထောင်စုသင်္ကြန်အကဖွဲ့မှ သွေးချင်းတို့ပျော်ရာ ပြည်မြန်မာ သီချင်းဖြင့် ဖျော်ဖြေဧည့်ခံပေးကြသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်က မြူမှောင်ဝေကင်း သီဆိုဧည့်ခေံ ဖြဖျော်ပေးပြီး ယိမ်းအလှပျိုဖြူများက ကပြဖျော်ဖြေပေးကြသည်။

 

mdn

 

ယခုနှစ် မဟာသင်္ကြန်ပွဲတွင် ထူးထူးခြားခြား လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းဆောင်ရွက် ပေးထားကြောင်း၊ ယင်းအပြင် ရပ်ကွက်ကျေးရွာများမှ ယိမ်းအက အဖွဲ့(၂၀)ဖြင့် ပါဝင်ယှဉ်မည်ဖြစ်ပြီး သင်္ကြန်အကြိုနေ့ တွင်  ယိမ်းအကဖွဲ့ (၆) ဖွဲ့၊ သင်္ကြန်အကျ၊ အကြတ်နေ့များတွင်  တစ်ညကို (၇) ဖွဲ့ဖြင့် ပါဝင်ယှဉ်ပြိုင်မှာဖြစ်ကြောင်းနှင့် သင်္ကြန်အတက်နေ့ ညချမ်းအချိန်တွင် ဆုရရှိသည့် ယိမ်းအဖွဲ့များအား ဆုများပေးအပ် ချီးမြှင့်မည်ဖြစ်ကြောင်း   မြို့နယ်အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ သိရှိရသည်။

 

ရဲတင့်(ပြန်/ဆက်)