တွံတေး ၁၀ ဧပြီ 

 

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအလိုက် မြို့ပြဖွံ့ဖြိုးမှုနှင့် လူနေထိုင်မှုစနစ် တိုးတက်လာမှုတို့အပေါ် မူတည်၍ အထပ်မြင့် အဆောက်အဦများကို တိုးချဲ့တည်ဆောက် လျက်ရှိရာ တွံတေးမြို့ပေါ်ရှိ (၈) ရပ်ကွက်အတွင်း တည်ဆောက်ထားသော အထပ်မြင့် အဆောက်အဦများ မီးဘေးလုံခြုံရေး၊ အရေးပေါ် လွတ်မြောက်မှုဆိုင်ရာ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းအား ယနေ့နံနက်ပိုင်းက စတင်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

 

မြို့နယ်မီးသတ်ဦးစီးဌာနမှ စခန်းတာဝန်ခံ ဦးစောမောင်သန်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချူပ်ရေးမှူးနှင့် အဖွဲ့ဝင်များက မြို့ပေါ်(၈)ရပ်ကွက်ရှိ် အထပ်မြင့် အဆောက်အဦများအား စစ်ဆေးခဲ့ရာ လိုက်နာဆောင်ရွက်ရမည့် မီးဘေးလုံခြုံရေးနှင့် အရေးပေါ် လွတ်မြောက်မှုဆိုင်ရာ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိသည့် အဆောက်အဦများ ရှိသကဲ့သို့ လိုက်နာဆောင်ရွက်ရန် အားနည်းသည့် အဆောက်အဦများလည်း ရှိသောကြောင့်  မီးဘေးနှင့် သဘာဝ ဘေးအန္တရာယ်တို့ ဖြစ်ပေါ်လာပါက အဆောက်အဦ အမျိုးအစားအလိုက် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အလျင်အမြန် တုံ့ပြန်ဆောင်ရွက် နိုင်ရေးအတွက် အဆောက်အဦ တစ်လုံးချင်းစီ၏ အချက်အလက်များ ရယူရန် ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

တွံတေးမြို့ပေါ်( ၈)ရပ်ကွက်တွင် သုံးထပ်နှင့်အထက် အထပ်မြင့် အဆောက်အဦး ( ၃၈) လုံးရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

 

မျိုးလှိုင်( တွံတေး)