တန့်ယန်းမြို့နယ် ခိုးယောင်းကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်းကျေးရွာအဆင့် မိတ်ဆက်ပွဲကျင်းပ

တန့်ယန်း၊  ၂၄  ဒီဇင်ဘာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာဘဏ်တို့ ပူးပေါင်း ယခုဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လူထုဗဟိုပြုစီမံကိန်း ကျေးရွာအဆင့် စီမံကိန်းမိတ်ဆက်ပွဲအခမ်းအနားကို  ခိုယောင်းကျေးရွာ၌ ယနေ့နံနက် ၉ နာရီက COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူထုဗဟိုပြုစီမံကိန်းအဖွဲ့ခေါင်းဆောင် ဦးစီးအရာရှိ(နည်းပညာ) ဦးမိုင်းအောင်ကျော်လှိုင်က စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်း ပြောကြားပါသည်။

 

ဆက်လက်၍ တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းတာဝန်ခံများက စီမံကိန်းအကြောင်းအား Video Clip အား Projector ဖြင့် ရှင်းလင်းတင်ပြကာ စီမံကိန်းမိတ်ဆက်ပွဲ  တက်ရောက် လာသူများက စီမံကိန်းနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းကြရာ စီမံကိန်းတာဝန်ခံများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

 

တန့်ယန်းမြို့နယ်အတွင်းတွင် ကျေးရွာအုပ်စု(၄၉)အုပ်စုအနက် ကျေးရွာအုပ်စု (၂၈)အုပ်စုရှိ ကျေးရွာပေါင်း (၃၃၀)ရွာ၌ လူထုဗဟိုပြု စီမံကိန်းကျေးရွာအဆင့် စီမံကိန်းမိတ်ဆက်ခြင်း အခမ်းအနားများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရေး အကြိမ်ရေ ၁၇ ကြိမ်ခွဲကာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းထံမှ သိရသည်။

ကိုပြည့်(ကျေးလက်)