တန့်ယန်း စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ သွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၃) တပ်မတော်ဆေးရုံ(ခုတင်-၂၅)၌ ဆောင်ရွက်သည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းမှုတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးတို့က ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းမှုကို ကြည့်ရှုအားပေးကာ ရဲတပ်ဖွဲ့ဝင်များအား ကြက်ဥနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။
ယင်းသို့ သွေးလှူဒါန်းရာတွင် အမှတ်(၃)တပ်မတော်ဆေးရုံ(ခုတင်-၂၅)မှ ဆရာဝန်များနှင့် တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


