တပ်ကုန်း အောက်တိုဘာ ၁၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များပူးပေါင်းပြီး မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန် စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီက အဆိုပါဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင် - တပ်ကုန်း)၊ ဒေါ်မြသန္တာ(မြပုလဲ)တို့က စာပေဝါသနာပါသူများနှင့်အတူ စာရေးဆရာ အောင်သင်းရေးသားသည့် “ကလေးလူငယ် လူကြီးနှင့် စာပေ” စာအုပ်တွင်ပါရှိသော ကလေးလူငယ် လူကြီးနှင့် စာပေ၊ လုပ်ချင်တာလုပ် လုပ်သင့်တာတော့ ပြီးအောင်လုပ်၊ ဒေါသ လည်းဖြစ် စိတ်လည်းညစ်၊ ပုံပြင်လက်ဆောင် စသည့်ခေါင်းစဉ်များကို အပြန်အလှန်ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင့်တင့်


