တပ်ကုန်း စက်တင်ဘာ ၂၂

ပြည်ထောင်စုနယ်မြေ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တပ်ကုန်းမြို့နယ် ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းထွန်းမင်း ကြီးကြပ်ပြီး လက်ထောက်မြို့နယ်ဦးစီးမှူး ဦးဆောင်၍ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric အချက်အလက် ကောက်ယူခြင်းကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက  မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား အဆင်ပြေ ထုတ်ယူနိုင်စေရန် အထူးအစီအစဉ် အနေဖြင့် လစဉ် ၂၁ ရက်မှ စတင်ကာ ပင်စင်လာထုတ်ယူသည့် နေ့တိုင်း မြို့နယ်အတွင်း ပင်စင်ထုတ်ယူသူများအား Biometric ကောက်ယူခြင်း၊ Smart Card များ ပြုလုပ်နိုင်ရေး ဆောင်ရွက်ပေးခြင်းနှင့် UID နံပါတ်များ ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                         

တင်စိုးလွင်