နေပြည်တော် ၂၂ ဧပြီ
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Irkutsk မြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Irkutsk Aviation Plant ၌ လေယာဉ်များ ထုတ်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့် ရှုလေ့လာသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Irkutsk Aviation Plant သို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် Irkutsk Aviation Plant ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လေယာဉ်များ ထုတ်လုပ်နေမှုအခြေအနေကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ မေးမြန်း ဆွေးနွေးသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း လေယာဉ်များ တပ်ဆင်ထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Irkutsk မြို့အတွင်းရှိ အထင်ကရနေရာများအား လှည့်လည်ကြည့်ရှုလေ့လာကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


