နေပြည်တော် ၁၉ ဧပြီ

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

     

 တွေ့ဆုံစဉ် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် ပြဿနာများအား အစိုးရနှင့်တပ်မတော်၏ ဖြေရှင်းဆောင်ရွက်မှုများအပေါ် နိုင်ငံတကာ မျက်နှာစာတွင် ဂျပန်နိုင်ငံမှ ရပ်တည်ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော်မှ ဆောင်ရွက်နေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသည်။

 

(သတင်းစဉ်)

 

1