နေပြည်တော် ၁၆ ဧပြီ

 

မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် အတက်နေ့ဖြစ်သော ယနေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ရေသဘင်မဏ္ဍပ်နှင့် တောင်ကြီးမြို့ ဗဟိုရေသဘင်မဏ္ဍပ်၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွှဲနေမှုများကို လိုက်လံကြည့်ရှု အားပေးသည်။

 

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် တောင်ကြီးမြို့ရှိ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် မိသားစုရေသဘင်မဏ္ဍပ်သို့ရောက်ရှိကြပြီး မိသားစု သင်္ကြန်ယိမ်းအကအဖွဲ့များ၊ ဓနုတိုင်းရင်းသားနှင့် ပအိုဝ်းတိုင်းရင်းသား အကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးသည်။

 

mdn

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မိသားစု သင်္ကြန်ယိမ်း အကအဖွဲ့များအား အတာရေများ ပက်ဖျန်းပေးသည်။

 

mdn

 

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် တောင်ကြီးမြို့၊ ဗဟိုရေသဘင်မဏ္ဍပ်သို့ ရောက်ရှိကြပြီး သင်္ကြန်ယိမ်းအကအဖွဲ့များ၏ သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။

 

ထို့နောက်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ ဝင်များသည် အတာရေများ အပြန်အလှန် ပက်ဖျန်းကြသည်။

 

mdn

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ရေသဘင်မဏ္ဍပ်နှင့် တောင်ကြီးမြို့ဗဟိုရေသဘင်မဏ္ဍပ်၌ သီဆိုကပြ ဖျော်ဖြေခဲ့ကြသော ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြု ဆုငွေများ ပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

 

(သတင်းစဉ်)