နေပြည်တော် ၂၅ မတ်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးသာဌေးနှင့် ဦးမျိုးဝင်းတို့ ပါဝင်သည့် အပြီးသတ် ကြားနာဆုံးဖြတ်ရေး အဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲက ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁)တွင် ရုံးထိုင်၍ တရားမ အထွေထွေလျှောက်ထားမှု (စာချွန်တော်) (၅)မှုကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမ အထွေထွေလျှောက်ထားမှု (စာချွန်တော်) (၅)မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


