နေပြည်တော် ၂၂ ဧပြီ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်နှင့် ဦးမျိုးဝင်း တို့ပါဝင်သည့် အပြီးသတ် ကြားနာဆုံးဖြတ်ရေးအဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်ပြီး တရားမ အထွေထွေလျှောက်ထားမှု (စာချွန်တော်) ၅ မှုကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်) ၅ မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


