တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီလ ၁၃

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင  ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၁၁ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းဘူးမြို့နယ်၊ ဧရာဝတီတံတား စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Yamaha FZ မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၀၀,၀၀၀)ကို လည်းကောင်း၊ စေတုတ္တရာမြို့နယ်၊ ဆီမီးချောင်း စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Kenbo 125 မော်တော်ဆိုင်ကယ်(၁)စီး၊ CZI 125 မော်တော်ဆိုင်ကယ်(၁)စီးနှင့် Honda Wave မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ဧပြီ ၁၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၂)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာ ထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Bathroom Cabinet ခု (၂၀) အပါအဝင် ကုန်ပစ္စည်းအမျိုး (၃၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၈၇၄,၅၂၀)ကိုလည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် အီတလီနိုင်ငံထုတ် Porcelain Tiles (၁၃၅၅ ဒသမ ၅၂၄)စတုရန်းမီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၄၅၅,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေ ကျပ် ၇၄,၃၂၉,၅၂၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ‌ ဆောင်ရွက်လျက်ရှိသည်။

 

ဧပြီ ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ် အတွင်း၌ အခြားသစ် (၆ ဒသမ ၈၄၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄၇၈,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဧပြီ ၁၂ ရက်တွင် ပြည်ခရိုင်နှင့် သာယာဝတီခရိုင် တို့အတွင်း၌ တရားမဝင်ကျွန်းသစ် (၀ ဒသမ ၂၈၅)တန်၊ အခြားသစ် (၀ ဒသမ ၅၂၃)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၇၇,၁၆၈)ကိုလည်းကောင်း၊ ဧပြီ ၁၃ ရက်တွင် ပဲခူးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၂ ဒသမ ၆၃၉)တန်၊ သစ်မာ (၃ ဒသမ ၃၈၄)တန်၊ အခြားသစ် (၇ဒသမ၄၂၁) တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၆၃၃,၄၁၅) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၁၀,၅၈၃)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဧပြီ ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၅,၀၁၈,၁၀၃)ဖြစ်ကြောင်း  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)