မင်းတပ် ၂၈ မတ်
မင်းတပ်မြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် ယာဉ်ကြီး၊ ယာဉ်ငယ်များမှ တရားမဝင်ကုန်သွယ်မှုများ တင်ဆောင်ခြင်း မရှိစေရေး၊ ယာဉ်မောင်းသူများ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်များပါရှိရေး၊ လိုင်စင် ကိုင်ဆောင်ထားသူများ လိုက်နာရန်စည်းကမ်းချက်များ၊ ကုန်တင်ယာဉ်များလိုက်နာရန် စည်းကမ်းချက်များ ရှင်းလင်းမှု အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက မင်းတပ်မြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်ခဲ့သည်။
ယင်းသို့ တရားမဝင်ကုန်သွယ်မှုများ မရှိစေရေးအတွက် စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်မှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊ ရဲမှူးမျိုးညီညီတို့ ဦးဆောင်လျှက်သက်ဆိုင်ရာဌာန (၁၂) ခုမှ တာဝန်ရှိသူများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်(ပြန်/ဆက်)မှ သိရသည်။
MDN


