မော်လမြိုင် စက်တင်ဘာ ၂၄

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)၊ တတိယနှစ် မဟာဗျူဟာလုပ်ငန်း အစီအစဉ်(၂၀၂၅)၊ မဟာဗျူဟာအစီအစဉ် ၅.၃.၁ အရ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ပင်မဆောင်ခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် မွန်ပြည်နယ်တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မြင့်ဝေက “စေ့စပ် ဖြေရှင်းရေး မိတ်ဆက်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အိသွင်သွဲ့သွဲ့က “တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ်တရားရေး ဦးစီးမှူး ဦးထွန်းထွန်းအောင်က “စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းဟောပြောပြီး တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)