မန္တလေး ဩဂုတ် ၄
တရုတ် - မြန်မာချစ်ကြည်ရေး အသင်း(ဗဟို)နှင့် အသင်းခွဲ (မန္တလေး)တို့ပူးပေါင်း၍ မန္တလေး ပြည်သူ့ဆေးရုံကြီး ကျောက်ကပ် ဌာနနှင့် သွေးစစ်ဌာနဓာတ်ခွဲခန်း တို့အတွက် ငွေကျပ်သိန်း ၂၀၀ ခန့် တန်ဖိုးရှိ ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာများ ပေးအပ်လှူဒါန်းပွဲကို ယနေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။
အခမ်းအနားတွင် တရုတ်-မြန်မာချစ်ကြည်ရေး (ဗဟို) ဥက္ကဋ္ဌ ကိုယ်စား၊ တရုတ်-အသင်း မြန်မာ ချစ်ကြည်ရေးအသင်းခွဲ (မန္တလေး)ဥက္ကဋ္ဌ ဦးကျော်မင်းနှင့်အဖွဲ့က ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ပေးအပ်လှူဒါန်းရာ မန္တလေးပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးက လက်ခံရယူသည်။
ထို့နောက် လှူဒါန်းမှုတို့အတွက် ဆေးရုံအုပ်ကြီးက ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
သတင်းစဉ်


