၂၈ ဖေဖော်ဝါရီ

5G ကြိုးမဲ့ကြေးနန်း ပစ္စည်းကိရိယာများပြုလုပ်ရန် ပြင်သစ်နိုင်ငံ၌ စက်ရုံတစ်ရုံတည်ဆောက်မည်ဟု တရုတ်ဆက်သွယ်ရေးလုပ်ငန်းကြီး ဟွာဝေးကုမ္ပဏီက ပြောကြားသည်။

 

မြေယာဝယ်ယူဖို့၊ စက်ရုံတည်ဆောက်ဖို့နဲ့ ပစ္စည်းကိရိယာတွေဝယ်ယူဖို့ စီမံကိန်းပထမအဆင့်အတွက် ယူရိုသန်း ၂၀ဝ ရင်းနှီးမြှုပ်နှံမယ်လို့ ကျွန်တော်တို့ ခန့်မှန်းပါတယ်။ ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်တွေအရ ဒီစီမံကိန်းက အလုပ်အကိုင်နေရာ ၅၀ဝ ဖန်တီးပေးမှာဖြစ်ပါတယ် ဟု ယမန်နေ့က ပါရီမြို့တော်၌ ဟွာဝေးကုမ္ပဏီ ဥက္ကဋ္ဌ လျန်ဟွာက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

 

အမေရိကန်အစိုးရက လုံခြုံရေးအရ စိုးရိမ်မှုများရှိသည်ဟု အကြောင်းပြ၍ မြန်နှုန်းမြင့် 5G ကွန်ရက်များ တွင် ဟွာဝေးကုမ္ပဏီ၏ ထုတ်ကုန်များကို ဖယ်ထုတ်ပစ်ရန် ကမ္ဘာ့တိုင်းပြည်များကို တိုက်တွန်းလျက် ရှိသည်။

 

သို့သော်လည်း ဥရောပတိုက်တွင် ဟွာဝေးကုမ္ပဏီထုတ် ပစ္စည်းကိရိယာများ ဆက်သွယ်ရေးစနစ်အချို့ တွင် ရှိနေပြီဖြစ်သည်။

 

ဖောက်သည်များက ကုန်ကျစရိတ် အကျိုးရှိခြင်းကြောင့် ဟွာဝေးကုမ္ပဏီထုတ် ပစ္စည်းကိရိယာများကို စွန့်လွှတ်ရန် ခက်ခဲနေကြသည်။

 

စစ်ရေးနှင့် အခြားအရေးပါသော အဆောက်အအုံများအတွက်မှလွဲ၍ ဟွာဝေးကုမ္ပဏီထုတ် ပစ္စည်းကိရိယာများ အသုံးပြုရန်စီစဉ်နေသည်ဟု ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့က ပြောကြားသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်