တရုတ်ဓာတ်သတ္တုတူးဖော်ရေးကုမ္ပဏီက အာဖဂန်ငလျင်ဘေးသင့်သူများထံသို့ အမေရိကန်ဒေါ်လာ ၃၀၀၀၀ ပေးအပ်လှူဒါန်း

အောက်တိုဘာ ၁၃

တရုတ်ဓာတ်သတ္တုတူးဖော်ရေးကုမ္ပဏီ(MCC-JCL)က အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း ဟီရတ်ပြည်နယ်ရှိ ငလျင်ဘေးသင့် သူများထံသို့ အမေရိကန်ဒေါ်လာ ၃၀၀၀၀ ကို ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါရေဘေးသင့်သူများထံအလှူငွေပေးအပ်ပွဲတွင် အာဖဂန်အစိုးရအဖွဲ့ ရေနံနှင့်ဓာတ်သတ္တုတူးဖော်ရေးဝန်ကြီး Shahabuddin Delawar၊ ထိုကုမ္ပဏီ၏ကိုယ်စားလှယ် Zhang Jikui တို့တက်ရောက်ကြပြီး အာဖဂန်ငလျင်ဘေးသင့်သူများထံသို့ အလှူငွေလွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။

ထိုလှူဒါန်းမှုသည် တရုတ်နှင့် အာဖဂန်နိုင်ငံတို့အကြား ချစ်ခင်ရင်းနှီးမှုကို ဖော်ပြခြင်းဖြစ်ကြောင်းနှင့် လှူဒါန်းမှုကိုကြိုဆိုကြောင်း Delawar က ပြောကြားသည်။

အစောပိုင်းက အာဖဂန်အခြေစိုက်တရုတ်နိုင်ငံသားများက ဟီရတ်ပြည်နယ်ရှိ ငလျင်ဘေးသင့်သူများထံသို့ ဒေါ်လာ ၁၇၀၀၀ ကျော် လှူဒါန်းခဲ့သည်ဟု သိရသည်။

ဟီရတ်ပြည်နယ် ဇန်ဒါဂျန်ခရိုင်တွင်ပြင်းအား ၆ ဒသမ ၂ ပမာဏရှိ ငလျင်နှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီးနောက် ငလျင်ငယ်များစွာလှုပ်ခတ်ခဲ့ရာ ၂၀၅၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး လူထောင်ချီ ဒဏ်ရာရရှိခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို