တရုတ်မှာ ရောက်ရှိနေတဲ့ ယွန်းအွန်ဟေး

၁၈ မေ

တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ ယွန်းအွန်ဟေးကို ဒီနှစ်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်တာတွေ့ရခဲပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ သူ့ကိုတရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အခမ်းအနားတစ်ခုကို တက်ရောက် လာတာတွေ့ရကြောင်း ဟန်စင်းနီးမားဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ပီးခဲ့တဲ့ မေ ၁၄ ရက်မှာတော့ ယွန်းအွန်ဟေးက သူ့ရဲ့တရုတ်လူမှုကွန်ရက်မှာ “Mileage”ရဲ့ နှစ်ပတ်လည်ကို တက်ရောက်လာတဲ့ သူ့ရဲ့ ပုံရိပ်တွေကို ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ အဆိုပါအခမ်းအနားကိုတော့ ယွန်းအွန်ဟေးဟာ ပန်းပွင့်တွေပါဝင်တဲ့ အနက်ရောင်ဂါဝန်ရှည်ကို နှုတ်ခမ်းနီရဲရဲနဲ့ တွဲဖက်ဆင်မြန်းကာ ဆွဲဆောင်မှုရှိရှိ လှပနေတာကိုလည်း တွေ့ရပါတယ်။


“Coffee Prince” ရဲ့ ဇာတ်လမ်းတွဲရုပ်ရှင်နဲ့ မြန်မာပရိသတ်တွေနဲ့ စတင်ရင်းနှီးခဲ့တဲ့ ယွန်းအွန်ဟေးကို ကြိုက်နှစ်သက်ကြသော ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းစကားတစ်ခုလည်း ရှိနေပါတယ်။ အဲဒါကတော့ ယွန်းအွန်ဟေးဟာ မကြာမီမှာ ဇာတ်လမ်းတွဲသစ်နဲ့အတူ ပရိသတ်ရှေ့ ပြန်လည်ပေါ်ထွက်လာဖို့ရာ လက်ခံစဉ်းစားပေးနေတာ ဖြစ်ပါတယ်။ ယွန်းအွန်ဟေး လက်ခံစဉ်းစားပေးနေတဲ့ ဇာတ်လမ်းတွဲကတော့ ဝက်ဘ်ဒရမ်မာဖြစ်တဲ့ “Love Alert” ဖြစ်ပြီး လတ်တလောအချိန်အထိတော့ ပါဝင်မှာဖြစ်ကြောင်း အတည်မပြုရ သေးတာလည်း ဖြစ်ပါတယ်။

အေးပြည့်