၂၄ ဖေဖော်ဝါရီ
ဂျပန်နိုင်ငံမှ ကားထုတ်လုပ်သူ Toyota Motor သည် တရုတ်နိုင်ငံ ချန်ဒူးရှိ စက်ရုံတစ်ရုံတွင် ပြန်လည် လည်ပတ်မှု စတင်မည်ဖြစ်သည်။
စက်ရုံရှိ အလုပ်သမားများသည် လုံခြုံစိတ်ချရသည့် အခြေအနေသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ယနေ့တွင် စတင်လည်ပတ်မည်ဖြစ်သည်ဟု ဆိုသည်။
ချန်ဒူးသည် တရုတ်နိုင်ငံရှိမြို့ကြီး လေးမြို့မှ တစ်ခုဖြစ်ပြီး တိုယိုတာသည် တရုတ်ဒေသခံများနှင့် အတူ ကားများကို ထုတ်လုပ်ခြင်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်အသစ် ဖြစ်ပွားမှုကြောင့် ရပ်ဆိုင်းထားခဲ့ရပြီး နှစ်သစ်ကူးအားလပ်ရက်များအပြီး ယခုလ အစောပိုင်းတွင် ထုတ်လုပ်မှုများ ပြန်လည်စတင်ရန် ကုမ္ပဏီအား တွန်းအားပေးခဲ့သည်။
ပြီးခဲ့သည့်အပတ်မှစတင်ပြီး နေရာသုံးနေရာဖြစ်သည့် Guangzhou၊ Changchunနှင့် Tianjinတို့တွင် စက်ရုံများ စတင်လည်ပတ်ခဲ့သည်။
တရုတ်နိုင်ငံရှိ စက်ရုံများသည် မည်သည့်အချိန်တွင် ပုံမှန်ပြန်ရောက်မည်ကို မသိရှိကြောင်း ထုတ်လုပ်မှု စွမ်းရည်များလည်း လျော့ချထားကြောင်း တိုယိုတာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


