ဩဂုတ် ၃၁

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်၌ လွန်ခဲ့သောသီတင်းပတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ မြေပြိုမှုဖြစ်ပွားသဖြင့် လေးဦးသေဆုံးပြီး အခြား ၄၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုပြည်နယ်ရှိအာဏာပိုင်များက ပြောသည်။

တရုတ်နိုင်ငံပိုင်ဆင်ဟွာသတင်းအေဂျင်စီနှင့် အခြားမီဒီယာများတွင် အဝေးပြေးလမ်းမဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဩဂုတ်လ ၂၁ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ၇၉ ဦးအားကယ်ဆယ်ခဲ့ပြီး ပျောက်ဆုံးနေသူများအားရှာဖွေနေဆဲဖြစ်ကြောင်း ကနဦးသတင်းဖော်ပြထားသည်။

နိုင်ငံ၏အနောက်ပိုင်းနှင့်အရှေ့မြောက်ပိုင်းတို့တွင် စံချိန်တင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို