၉ ဇန်နဝါရီ

 

အမေရိကန်ပြည်ထောင်စုနှင့်ကုန်သွယ်ရေး အငြင်းပွားမှုနှင့် ဝယ်လိုအားနည်းမှု၏ အကျိုးဆက်များကို တရုတ်နိုင်ငံ၏ ထုတ်လုပ်သူများခံစားနေရဆဲဖြစ်သည်ကို တရုတ်နိုင်ငံ၏နောက်ဆုံးပေါ် ထုတ်လုပ်သူ ဈေးဆနှုန်းကိန်း အချက်အလက်က ဖော်ပြသည်။

 

အစောပိုင်းနှင့်နှိုင်းစာလျှင် ထုတ်လုပ်သူ ဈေးဆနှုန်းကိန်းမှာ သုည ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည် ဟု တရုတ်အမျိုးသားစာရင်းအင်း ဗျူရိုက ဆိုသည်။

 

၎င်းသည် ဇူလိုင်လနောက်ပိုင်း အနည်းဆုံးဖြစ်သော်လည်း ခြောက်လဆက်တိုက်ကျဆင်းခဲ့သည်။

 

အစားအစာဈေးနှုန်း ၁၇ ရာခိုင်နှုန်းကျော် ခုန်တက်လာသည်နှင့်အမျှ စားသုံးသူဈေးနှုန်းမှာ ပြီးခဲ့သည့်လက ၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

 

ဝက်သားဈေးနှုန်းမှာ တစ်နှစ်ထက်တစ်နှစ် နှစ်ဆနီးပါးရှိလာသည်။

 

တိုင်းပြည်အနှံ့ အာဖရိကဝက်အဖျားရောဂါ ဖြစ်ပွားခြင်းသည် ကုန်ပစ္စည်းအပေါ် သက်ရောက်မှု ဖြစ်ပေါ်စေသည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို