တရုတ်နိုင်ငံက လှူဒါန်းသော ငလျင်ကယ်ဆယ်ရေးအထောက်အပံ့များ အာဖဂန်နစ္စတန်နိုင်ငံသို့ ရောက်ရှိ

ဟီရတ်    အောက်တိုဘာ   ၁၅

တရုတ်နိုင်ငံအစိုးရက လှူဒါန်းသော ငလျင်ကယ်ဆယ်ရေး အထောက်အပံ့များအဖြစ် ပေးပို့သည့် ပထမ အသုတ်ကယ်ဆယ် ရေးပစ္စည်းများသည် ယနေ့နံနက်ပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်းနှင့် အဆိုပါပစ္စည်းများကို   လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံမှ  ပေးပို့လှူဒါန်းသည့်  ရွက်ဖျင်တဲများနှင့် ခုတင်များအပါအဝင် ကယ်ဆယ်ရေးပစ္စည်း များကို လေဆိပ်ရှိ တရုတ်ကုန်တင်လေယာဉ်နှစ်စင်းက သယ်ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံအစိုးရသည်    ငလျင်ဒဏ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အာဖဂန်နစ္စတန် နိုင်ငံအား အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပေးအပ်ရန် ကတိပြု ထားကြောင်းလည်း သိရသည်။

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်