၂၀ ဇန်နဝါရီ

ဆွေးမြေ့ပျက်စီးနိုင်စွမ်းမရှိသည့် ပလတ်စတစ်များ ထုတ်လုပ်မှုနှင့် အသုံးပြုမှုများကို သိသိသာသာလျော့ချမည့် အစီအစဉ်ကို တရုတ်အစိုးရက ကြေညာခဲ့သည်။ 

 

p2

 

ယမန်နေ့က ကြေညာခဲ့သည့် အဆိုပါအစီအစဉ်အရ တရုတ်နိုင်ငံအနှံ့အပြားရှိ စားသောက်ဆိုင်များတွင် အသုံးပြုလျက်ရှိသည့် တစ်ခါသုံး ပလတ်စတစ်များကို ယခုနှစ်ကုန်တွင် ပိတ်သိမ်းမည်ဖြစ်သည်။

 

p3

 

ဘေကျင်း၊ ရှန်ဟိုင်းနှင့် အခြားအဓိက မြို့များရှိ စူပါမားကတ်များတွင် တစ်ခါသုံး ပလတ်စတစ်အသုံးပြုမှုများကို တရုတ်အစိုးရက တားမြစ်မည်ဖြစ်သည်။ 

၂၀၂၅ ခုနှစ်မတိုင်မီ တရုတ်နိုင်ငံရှိ မြို့ကြီးများ၌ အစားအစားများ ထုတ်ပိုးရာတွင် ပလတ်စတစ်သုံးစွဲမှုကို ၃၀ ရာခိုင်နှုန်း လျော့ချမည်ဖြစ်သည်။ 

အဆိုပါ ပလတ်စတစ်သုံးစွဲမှု လျော့ချရေးအစီအစဉ်အရ နိုင်ငံအသီးသီးမှ လာရောက်သည့် ဧည့်သည့်များပလတ်စတစ်သုံးစွဲမှု ရှောင်ကြဉ်ရန် တစ်နိုင်ငံလုံးရှိ ဟိုတယ်များကို တောင်းဆိုထားသည်။

ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ တင်သွင်းခြင်းလုံးဝမပြုရန် အစိုးရက စီစဉ်လျက်ရှိသည်။ 

စွန့်ပစ်ပလတ်စတစ်ပစ္စည်းများကို ပြန်လည်သုံးစွဲရာတွင် ကမ္ဘာထိပ်တန်းနိုင်ငံများတွင် တရုတ်နိုင်ငံလည်း အပါအဝင်ဖြစ်သည်။  

သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကြောက်ရွံ့သဖြင့် တရုတ်နိုင်ငံသည် လွန်ခဲ့သည့် သုံးနှစ်က ပလတ်စတစ်သွင်းကုန် အများစုကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ကိုးကား-အန်အိတ်ခ်ျကေ
ဘာသာပြန်-မေဇော်ထက်