ဘရပ်ဆဲလ် ၁၃ မတ်

အီတလီနှင့် စပိန်နိုင်ငံများသို့ ပို့ဆောင်မည့် တရုတ်နိုင်ငံမှ ပေးပို့လိုက်သည့် ဆေးဝါးအထောက်အပံ့ပစ္စည်းများ ဥရောပ သို့ရောက်ရှိခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဟွာချွမ်ရင်၏ပြောပြချက်အရသိရသည်။

ဆေးဝါးဆိုင်ရာ အထောက်အပံ့ပစ္စည်းတစ်သုတ်မှာ လည်း ဘယ်လ်ဂျီယံနိုင်ငံသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရ သည်။ အဆိုပါပစ္စည်းများတွင် နှာခေါင်းစည်းပေါင်း ၁ ဒသမ

၈သန်းနှင့် စမ်းသပ်ကိရိယာပေါင်း တစ်သန်းပါဝင်သည်ဟု ဆိုသည်။ ။

အဆိုပါ ဆေးဝါးအထောက်အကူပြုပစ္စည်းများကို ၊ အီတလီ၊ စပိန်နိုင်ငံတို့အပါအဝင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေကြသည့် နေရာ ဒေသများသို့ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနရုံး၏တွစ်တာအကောင့်တွင်ဖော်ပြထားသည်။

ဆင်ဟွာ