၁၃ ဖေဖော်ဝါရီ
တရုတ်နိုင်ငံမှာ ဧပြီ ၁၉ ရက်နေ့တွင် ကျင်းပမယ့် Grand Prix မော်တော်ကားပြိုင်ပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း မော်တော်ကားပြိုင်ပွဲ အုပ်ချုပ်ရေးအဖွဲ့ FIA က ကြေညာလိုက်ပါတယ်။
ရှန်ဟိုင်းမြို့မှာ ကျင်းပမယ့် မော်တော်ကားပြိုင်ပွဲကို ကိုဗစ်-19 (COVID-19) ဗိုင်းရပ်စ်ပိုး ဆက်လက် ပျံ့နှံ့နေတဲ့အတွက် ရှန်ဟိုင်းဘက်က မေတ္တာရပ်ခံတဲ့အတွက် အခုလို ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။
Grand Prix မော်တော်ကားပြိုင်ပွဲ မတိုင်မီ သီတင်းနှစ်ပတ်အလိုမှာ F1 ကားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံမှာ ကျင်းပဖို့ ရှိပါတယ်။ ဒါပေမယ့်လည်း ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-19 (COVID-19)ဗိုင်းရပ်စ်ပိုးက ရှိနေပြီး ဖြစ်ပါတယ်။
တရုတ်နိုင်ငံ တောင်ပိုင်းဟိုင်နန်ကျွန်းရှိ ဆန်ယာမှာ မတ်လ ၂၁ ရက်မှာ ကျင်းပဖို့ရှိတဲ့ Formula E Grand Prix ကားပြိုင်ကလည်း အစိုးရအဖွဲ့နဲ့ ဆွေးနွေးပြီးနောက် ဖျက်သိမ်းလိုက်ပါတယ်။
MDN
ကိုးကား -AFP


