တရုတ်နိုင်ငံ၌ အဆောက်အအုံပြိုကျမှုကြောင့် နှစ်ဦးသေဆုံး၊ အခြား ၁၀ဦး ဒဏ်ရာရ

ဩဂုတ် ၂၄

တရုတ်နိုင်ငံအရှေ့ပိုင်း ဇီဂျန်းပြည်နယ် နန်ဘိုမြို့တွင် ယမန်နေ့မနက်စောပိုင်းက သံမဏိသံဘောင်

အဆောက်အအုံပြိုကျမှုကြောင့် နှစ်ဦးသေဆုံးပြီး အခြား ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း အရေးပေါ်စီမံခန့်ခွဲရေး ဗျူရိုက ပြောသည်။

အဆိုပါအဆောက်အအုံသည်  ယမန်နေ့မနက် ၈ နာရီ ၃၁ မိနစ်တွင် ပြိုကျခဲ့ခြင်းဖြစ်ပြီး စီမန်မြို့နယ် အလှကုန်ထုပ်ပိုးမှုကုမ္ပဏီအဆောက်အအုံဉပစာအတွင် လူ ၁၂ ဦး ပိတ်မိနေဆဲဖြစ်သည်ဟု သိရသည်။

ကယ်ဆယ်ရေးသမားများက သေဆုံးသူနှစ်ဦးနှင့် ဒဏ်ရာပြင်းထန်စွာရရှိသူသုံးဦးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာရရှိသူ ၁၀ ဦးသည် ဒေသတွင်းဆေးရုံတစ်ရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။

ထိုအဆောက်အအုံပြိုကျမှုဖြစ်ပွားသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို