mdn

ပေကျင်း ၁၅ ဖေဖော်ဝါရီ

 

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လာလျက်ရှိရာ ဖေဖော်ဝါရီ ၁၄ ရက်တွင် သေဆုံးသူအရေအတွက် ၁၃၈၀ အထိ ရှိလာခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၁ ဦး ထပ်မံသေဆုံးမှုကို ဖေဖော်ဝါရီ ၁၃ ရက်က အတည်ပြုခဲ့ပြီးနောက်တွင် သေဆုံးသူအရေအတွက် ၁၄၀ဝ နီးပါး ဖြစ်လာ ခဲ့ခြင်းဖြစ်သည်။

 

 

ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးသူအများစုသည် ဟူပေးပြည်နယ်မှဖြစ်သည်။ လက်ရှိတွင် ဗိုင်းရပ်စ်ကူးစက် မှုကြောင့် ဖျားနာနေသူ ၆၄၀ဝ၀ ရှိပြီး ကူးစက်ခံရသူများထဲတွင် ကျန်းမာရေးဝန်ထမ်း၁၇၁၆ ဦးပါဝင်ကြောင်း အာဏာ ပိုင်များက ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုနှင့်ပတ်သက်၍ သတိပေးခဲ့သည့် ဆရာ ဝန်တစ်ဦးမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုကြောင့်ပင် သေဆုံးခဲ့ပြီဖြစ်ပြီး ၎င်းသေဆုံးမှုက ပြည်သူလူထုကို ဒေါသထွက်  စေခဲ့သည်။

 

တရုတ်ပြည်မကြီးပြင်ပတွင် ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူသုံးဦးရှိခဲ့သည်။ ယခုအခါ နိုင်ငံပေါင်း ၂၄ နိုင်ငံထက်မနည်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့လျက်ရှိသည့်အတွက် တရုတ်နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာအရေးပေါ် အခြေအနေကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးကျရောက်မှုဖြစ်လာမည်ကို စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြောင်း သိရသည်။ ဗိုင်းရပ်စ်  ပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင် တရုတ်နိုင်ငံအနေဖြင့် ပွင့်လင်းမြင်သာမှု မရှိခဲ့ကြောင်း အမေရိကန်က စွပ်စွဲထားသည်။

 

အေအက်ဖ်ပီ