ဇန်နဝါရီ ၂၂
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားသဖြင့် နှစ်ဦးသေဆုံးကြောင်း ဒေသတွင်းအာဏာပိုင်များက အတည်ပြုပြောကြားသည်။
အဆိုပါမြေပြိုမှုသည် Zhaotong မြို့ရှိ Liangshui ကျေးရွာတွင် ယနေ့မနက် ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုမြေပြိုမှုကြောင့် ၄၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သဘာဝဘေးကယ်ဆယ်ရေးဆိုင်ရာဒေသတွင်းဌာနချုပ်က ပြောကြားသည်။ ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရန် ကယ်ဆယ်ရေးသမား ၂၀၀ ကျော်၊ မီးသတ်ယာဉ် ၃၃ စီးနှင့် ဝန်ချီစက် ဆယ်စီးတို့ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။ ဒေသခံ ၂၀၀ ကျော်သည် ဘေးကင်းလုံခြုံမှုရှိရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


