၁ ဇန်နဝါရီ
အလွန်ကြီးမားပြီး ပြည့်စုံသောအဆင့်တစ်ခုအဖြစ် သတ်မှတ်ထားသည့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူ စာချုပ်ကို ဇန်နဝါရီ ၁၅ ရက်နေ့တွင် ဝါရှင်တန်၌ လက်မှတ်ရေးထိုးမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့် က ဆိုသည်။
အိမ်ဖြူတော်၌ကျင်းပမည့် အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တရုတ်နိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း ထရန့်က တွစ်တာပေါ်တွင် ယမန်နေ့က ရေးသားထားသည်။
ဒုတိယအဆင့် ဆွေးနွေးပွဲများစတင်ရန် နောက်ပိုင်းတွင် ပေကျင်းသို့ သွားရောက်မည်ဟု ထရန့်က ထပ်လောင်းပြောကြားခဲ့သည်။ ယင်းခရီးစဉ်မှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း တရုတ်နိုင်ငံသို့ သွားရောက်မည့် ပထမဆုံးခရီးစဉ် ဖြစ်သည်။
ဒီဇင်ဘာလလယ်တွင် ပထမအဆင့်သဘောတူညီချက် ရရှိခဲ့သည်ဟု အမေရိကန်နှင့်တရုတ်နိုင်ငံတို့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုသဘောတူညီချက်အရ တရုတ်နိုင်ငံသည် အမေရိကန်လယ်ယာထွက်ကုန် အများအပြားဝယ်ယူရန် နှင့် အသိဉာဏ်မူပိုင်ဆိုင်ရာ မူပိုင်ခွင့်ကို ပိုမိုကာကွယ်ရန် လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


