၁၃ ဒီဇင်ဘာ
တရုတ်အစိုးရနှင့် ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
စေ့စပ်ညှိနှိုင်းရေးမှူးများက တရုတ်နိုင်ငံနှင့် အလွန်ကြီးမားသည့် သဘောတူညီချက်ရရှိရန် နီးစပ်လာပြီ ဖြစ်ကြောင်း ယမန်နေ့အတွင်းက ထရန့်က တွစ်တာတွင် ဖော်ပြခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် မူအရ အဆင့်တစ် ကုန်သွယ်ရေးသဘောတူညီချက်ကို ရရှိပြီဖြစ်ကြောင်း အမေရိကန် သတင်းအေဂျင်စီ အတော်များများက ဖော်ပြခဲ့ကြသည်။
တနင်္ဂနွေနေ့မှစတင်ပြီး အမေရိကန်အစိုးရက တရုတ်နိုင်ငံအပေါ် နောက်ထပ်အခွန်ကောက်ခံမှု ရပ်ဆိုင်းရန် စီစဉ်ထားကြောင်း သိရသည်။
တရုတ်နိုင်ငံသည် အမေရိကန်လယ်ယာထွက်ကုန် အမြောက်အများကို ၀ယ်ယူရန် ကတိကဝတ်ပြုပါက အမေရိကန်သည်လည်း အခွန်နှုန်းထားများ လျှော့ချရန်ကမ်းလှမ်းခဲ့သည်ဟု ပြောကြားခဲ့ကြောင်း အချို့ သတင်များက ဖော်ပြလျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


