စက်တင်ဘာ ၁၄
တူကီယဲနိုင်ငံမြောက်ပိုင်းရှိ ကျောက်မီးသွေးတွင်းတစ်ခုပြိုကျမှုကြောင့် အလုပ်သမားတစ်ဦးထက်မနည်းသေဆုံးပြီး အခြားသုံးဦးဒဏ်ရာရရှိကြောင်း နိုင်ငံပိုင် တီအာတီသတင်းဌာနက ယမန်နေ့ကဖော်ပြထားသည်။
Zonguldak ပြည်နယ် Eregli ခရိုင်အနီးရှိ နိုင်ငံပိုင် Turkish Hard Coal Enterprises ၏ ကျောက်မီးသွေးတွင်းပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကျောက်မီးသွေးတွင်းပြိုကျမှုဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ မသိရှိရသေးဟု တီအာတီသတင်းဌာနကဆိုသည်။
Zonguldak ပြည်နယ်အုပ်ချုပ်ရေးမှူးက လူ ၂၈၀ အလုပ်လုပ်သော ထိုကျောက်မီးသွေးတွင်း၏အပျက်အစီးများအောက်တွင် အလုပ်သမားလေးဦးပိတ်မိနေခဲ့သော်လည်း ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် ကယ်ဆယ်နိုင်ခဲ့သော အလုပ်သမားများအနက် တစ်ဦး သေဆုံးကြောင်း အင်န်တီဗွီရုပ်သံလွှင့်ဌာနကို ပြောသည်။
၂၀၁၄ ခုနှစ်က မာနီဆာပြည်နယ်အနောက်ပိုင်း ဆိုမာမြို့ရှိ ကျောက်မီးသွေးတွင်းတစ်ခုအတွင်း မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လူပေါင်း ၃၀၁ ဦး သေဆုံးခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


