၃ ဇန်နဝါရီ
တူရကီ ခရီးသည်တင် လေယာဉ် TK45 သည် တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့မှ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့သို့ ပျံသန်းနေရာမှ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ် မြို့တွင် ယမန်နေ့ညနေပိုင်းက အရေးပေါ်ဆင်းသက်ခဲ့ရကြောင်းနှင့် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။
ကိပ်တောင်းမြို့၏ လေယာဉ်ပြေးလမ်းမှပျံတက်နေစဉ် ယင်းလေယာဉ်အမှုထမ်းသည် လေယာဉ်ဘီးအုံကို ပြန်ရုပ်သိမ်းရန် ကြိုးစားသော်လည်း မရခဲ့ကြောင်း လေကြောင်းဆိုင်ရာ ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Aviation Herald တွင် ဖော်ပြထားသည်။
ထိုလေယာဉ်၏ လေယာဉ်ဘီးအုံနှင့်ပက်သက်ပြီး ပြဿနာရှိသော်လည်း ထိခိုက်ဒဏ်ရာရမှုမရှိပဲ အရေးပေါ်ဆင်းသက်ခဲ့ကြောင်း ဒေသန္တရလေကြောင်းကျွမ်းကျင်သူ Stanley Koepka က သတင်းထောက်များကို ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်ဘီးအုံနှင့်ပတ်သက်သည့် ပြဿနာကို ဒေသန္တရ အင်ဂျင်နီယာများဖြင့် စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


