၃ ဒီဇင်ဘာ
ဂျပန်နိုင်ငံက တယ်လီဖုန်းကုမ္ပဏီ KDDI ကို ဖုန်းခေါ်ကြိမ် ၂၄,ဝ၀ဝ တိတိ ခေါ်ဆိုကြိမ် ဖုန်းကုမ္ပဏီရဲ့ ဝန်ဆောင်မှုကို ပြစ်တင်ခဲ့တဲ့ အသက် ၇၁ နှစ်အရွယ် ပင်စားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။
ပင်စင်စား အကီတိုရှီ အိုကာမိုတို ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ရှစ်ရက်အတွင်း ဖုန်းခေါ်ကြိမ် ၂၄၀ဝ၀ ခေါ်ဆိုပြီး ဝန်ဆောင်မှုကို ပြစ်တင်ခဲ့ပါတယ်။
အိုကာမိုတိုက တယ်လီဖုန်းကုမ္ပဏီဟာ ဖုန်းကွန်ထရက်ရဲ့ စည်းမျဉ်းချိုးဖောက်တဲ့အတွက် လာရောက် တောင်းပန်ဖို့ ထပ်ခါထပ်ခါပြောဆိုသလို ဖုန်းခေါ်ပြီးနောက်မှာလည်း ချက်ချင်းဖုန်းချတာမျိုးပါ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို လုပ်ဆောင်တာဟာ စီးပွားရေးလုပ်ငန်းကို အနှောက်အယှက်ပေးတယ်လို့ သံသယရှိတဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရှိသူက ပြောပါတယ်။
ဂျပန်နိုင်ငံမှာ အသက်အရွယ်ကြီးတဲ့လူဦးရေ တိုးမြင့်လာခြင်းကြောင့် လူမှုရေးပြဿနာအရေအတွက် ကလည်း များပြားလာပါတယ်။
MDN
ကိုးကား - AFP


