ဥတ္တရသီရိ စက်တင်ဘာ ၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ် အမြန်လမ်းသရက်ဇုန်မှ ခြံတာဝန်ခံများအား ကော်ဖီသီးနှံများစိုက်ပျိုးနိုင်ရေး အသိပညာပေးဆွေးနွေးခြင်းကို စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက မောင်းရမ်းကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ ၌ ဆောင်ရွက်သည်။
ဆွေးနွေးပွဲတွင် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်ကျော်ဦး၊ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်၊ ကော်ဖီရာသီ ဌာန (ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောဝင်းနောင်နှင့် တာဝန် ရှိသူများက ဥတ္တရသီရိမြို့နယ် အမြန်လမ်းသရက်ဇုန်မှ ခြံတာဝန်ခံများ အား နှစ်ရှည်ပင်များအဖြစ် သရက်ပင်များကို အဓိကထား စိုက်ပျိုးထားသူများဖြစ်သဖြင့် ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီဖြစ်ထွန်းသော မျိုးကောင်းမျိုးသန့် (Robusta Coffee) ရိုဘတ်စတာ ကော်ဖီသီးနှံကိုတိုးချဲ့စိုက်ပျိုးရန် နည်းပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)


